ဆင်ပေါင်ဝဲ မေ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သမဝါယမ အသင်းစုလီမိတက် ဥက္ကဋ္ဌ ဦးလှရွှေနှင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေတို့မှ အမှာစကား အသီးသီးပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယ တိုင်းဦးစီးမှူး ဦးမင်းဇော်နိုင်မှ သမဝါယမ ဦးစီးဌာနမှ ဦးတည်ချက် (၃)ချက်ဖြစ်သည့် ကျေးလက်နေ ပြည်သူများနှင့် မြို့ပြနေအခြေခံ လူတန်းစားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် သမဝါယမမှ စီးပွားရေး လုပ်ငန်းဖြင့် တစ်ဖက်တစ်လမ်းမှ အမှန်တကယ် အထောက်ကူပြု ဆောင်ရွက်ပေးရန်၊ သမဝါယမမှ လုပ်ငန်းများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအဆင့် ရောက်ရှိစေရန် စသည့် အချက်အလက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမ အသင်းစုလီမိတက်၏ တာဝန်ရှိသူများက အသီးသီး ရှင်းလင်းတင်ပြ ဆွေးနွေးသွားကြောင်း သိရသည်။
ခန့်ဝင်း(မြို့နယ်ပြန်/ဆက်)