မင်းဘူးမြို့ Community Centre ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်

မင်းဘူး  မေ  ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း ( Books Club) အဖွဲ့တို့ ပူးပေါင်း၍ နွေး(သရက်) ရေးသားသည့် သားပျော်ပါတယ်အမေ စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်က စာဖတ်ဝိုင်း ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်နှင့် စာအုပ်စာပေများ ဖတ်ရှုခြင်းအားဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး မင်းဘူး(စကု)မြို့နယ် Book Club အဖွဲ့ အတွင်းရေးမှူး ဦးဌေးလွင်က စာရေးဆရာမ နွေး (သရက်)ရေးသားသည့် သားပျော်ပါတယ်အမေ စာအုပ်အားဖတ်ကြားကာ စာပေအရေးအသား၊ ဝေါဟာရ နှင့် အနှစ်သာရများကို ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော စာပေပညာရှင်များနှင့် Book Club အဖွဲ့ဝင်များက စာပေအကြောင်း သိကောင်းစရာများကို အပြန်ပြန် အလှန်လှန် ဆွေးနွေးခဲ့ကြပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်နှင့် ဝန်ထမ်းများ၊ Book Club အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ စာပေပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)