ကျိုက်မရော မေ ၁၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နိုင်ငံတော်မှ ပညာရေးစနစ်သစ်ကို အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ဆရာ/ဆရာမများ၏ အခန်းကဏ္ဍသည် အဓိက နေရာတွင် ပါဝင်နေသောကြောင့် အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများအား (Grade-5) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက်၁၀ နာရီက အ.ထ.က ကျိုက်မရောကျောင်း၌ စတင်ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာ မူလတန်းအဆင့် Grade-5 (သင်ရိုးသစ်) သင်တန်းသို့ မြို့နယ်အဆင့် သင်တန်းသူ ဆရာ၊ ဆရာမ(၇၈၇) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမ(၄၈) ဦးတို့က မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ကာယပညာ ဘာသာရပ်များကို မေလ ၁၀ရက်နေ့မှ ၁၃ရက်နေ့ထိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချိုမြတ်မြတ်ထွေး