ဇီးကုန်းမြို့နယ်တွင် Grade-5 (သင်ရိုးသစ်) ဘာသာရပ် သင်တန်းများ စတင်သင်ကြားပို့ချ

ဇီးကုန်း မေ ၁၀

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းဆင့် Grade-5 (သင်ရိုးသစ်)  ဘာသာရပ်သင်တန်းများကို ယနေ့ နံနက် ၉ နာရီမှစတင်၍ ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ဇီးကုန်း)၌ စတင်သင်ကြားပို့ချပေးလျက်ရှိသည်။

အဆိုပါ သင်တန်းကိုပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ Online စနစ်ဖြင့် သင်ကြားပို့ချမှုကို တက်ရောက်ခဲ့သော သင်တန်းနည်းပြများ ဆရာ၊ ဆရာမ ၃၂ ဦးက အခြေခံပညာမူလတန်းကျောင်းအုပ် (၅၀) ဦး၊ မူလတန်းသင် ဆရာဆရာမ (၄၂၉) ဦး၊ ကိုယ်ပိုင်ကျောင်းမှ (၄) ဦး စုစုပေါင်း (၄၃၈) ဦးအား စာသင်ခန်း ၁၆ ခန်းခွဲ၍ သင်ကြားပို့ချပေးလျက်ရှိသည်။ သင်ကြားပို့ချမှုအား မေလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့်ပြည်သူ့နီတိ ကာယပညာရပ်များကို ပို့ချပေးသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းလက်စွဲစာအုပ်များ၊ ကျောင်းသုံးပြဌာန်းစာအုပ်များကို ထုတ်ပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)