အောင်လံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)နှင့် (CASH for Work )စီမံကိန်း ကျေးရွာရွေးချယ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး

အောင်လံ မေ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အကောင် အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)နှင့် (CASH for Work) စီမံကိန်း ကျေးရွာရွေးချယ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းတွင် ကျင်းပခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးက (VDP)စီမံကိန်း နှင့် (CASH for Work )စီမံကိန်း ကျေးရွာစာရင်း ရွေးချယ်ရာတွင် ဝိုင်းဝန်းအကြံပေးရွေးချယ်ပေးကြရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းများ အကြောင်းရှင်းလင်း ပြောကြားခဲ့သည်။

အောင်လံမြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ မြစိမ်းရောင် စီမံကိန်းကို ၂၀၁၈ ခုနှစ်မှ စတင်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း (၆၂)ရွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် VDP (၁၃)ရွာ၊ (CASH for Work) စီမံကိန်း (၃)ရွာ တို့အား ရွေးချယ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

မြင့်မြင့်ထွေး(ပြန်/ဆက်)