ကျိုက်ထိုမြိုန့ယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် (Grade-5) မြို့နယ်အဆင့်သင်တန်း‌ ဖွင့်လှစ်

ကျိုက်ထို မေ ၁၀

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာဦးစီးဌာနမှ မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြို့နယ် အတွင်းရှိ မူလွန်ကျောင်းအုပ်များနှင့် မူလတန်းကျောင်းအုပ်များ လက်ထောက် ဆရာ/ဆရာမများအား မြို့နယ်အဆင့်သင်ရိုးသစ် (Grade-5) ဆင့်ပွား သင်တန်းကို‌ ယနေ့နံနက် ၉ နာရီတွင် ကျိုက်ထိုမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်လှစ်ရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်သီသီဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မြင့်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၆၁၃)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ မေ(၁၀)ရက်မှ မေ(၁၃)ရက်နေ့ထိ နည်းပြဆရာ (၄၂)ဦးမှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိနှင့် ကာယပညာ ဘာသာရပ် (၇)မျိုးတို့ကို သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းမောင်