ရွှေတောင် မြို့နယ် တွင်သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိုးခြင်း ပြုလုပ် ဆောင်ရွက်

ရွှေတောင် မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မင်းကွန်းကျေးရွာအုပ်စု မင်းကွန်းကျေးရွာ ကွင်းအမှတ် (၄၂၂)A ရှိတောင်သူ (၁၆) ဦး စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် မိုးစပါးဧက (၅၀) ဧကတွင် ရွှေတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိုးခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည် ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ အဖွဲ့ဝင် (၂) ဦးကျော်လွင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသူ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဒေါ်စန်းစန်းဝင်း၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဝန်ထမ်းများ၊ မင်းကွန်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တောင်သူများထံသို့ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များထောက်ပံပေးအပ်ခဲ့ပြီး တောင်သူများက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ လက်တွေ့သရုပ်ပြနည်းလမ်းများ အတိုင်းမျိုးစေ့များ ကြဲပက်ခဲ့ကြကြောင်းသိရသည်။

ကိုကို မင်း(ပြန်/ ဆက်)