ကမမောင်းမြို့၌ Grade-5 သင်ရိုးသစ် သင်တန်းဖွင့်ပွဲကျင်းပ

ကမမောင်း မေ ၁၀

 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် Grade-5 သင်ရိုးသစ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကမမောင်းမြို့၊ အ‌ခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဖာပွန်မြို့နယ် ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဦးခွန်‌အောင်မျိုးဆွေမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းကို   ဖာပွန်မြို့နယ်အတွင်းရှိ သင်တန်းသား၊သင်တန်းသူ ၃၅၇ ဦးအား မေလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့ အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရ သည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ဖာပွန်မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ် ပညာရေးမှူး၊ လက်ထောက်မြို့နယ်ပညာရေးမှူး၊ အ‌ခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများတက်ရောက်ကြကြောင်း သိရသည်။

တင်တင်လှ(ကမမောင်းပြန်/ဆက်)