မြစ်သားမြို့နယ်တွင် mobile  library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေး

မြစ်သား မေ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ mobile  library   စနစ်ဖြင့်စာအုပ် စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခြင်းကို    ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်လက်ဝယ်အရောက် စာအုပ်စာစောင်များအခမဲ့‌ငှားရမ်းပေးခဲ့ကြောင်း သိရသည်။   

ထိုသို့ ဆောင်ရွက်ရာတွင်   မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန် အခက်အခဲရှိနေသည့် စာဖတ်ပရိသတ်များအတွက် စာပေဖတ်ရှုမှု   အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ သုတ/ရသစာအုပ် များကိုအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရ သည်။

ထို့နောက် mobile  library စနစ်ဖြင့် စာအုပ်စာစောင်များကို  မြစ်သားမြို့ရှိ ဌာနဆိုင်ရာများသို့ ယခင်က ငှားရမ်းပေးထားသော စာအုပ်များကို ပြန်လည်သိမ်းဆည်းပြီး စာအုပ်စာစောင်များကို အသစ် ပြန်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

သီတာအောင် (မြစ်သား)