နမ့်ဆန် စက်တင်ဘာ ၃
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာအုပ်စုရှိ ကျေးလက်ကျန်းမာရေး ဌာနတွင် အုပ်စုအတွင်းရှိ ကျေးရွာ (၅)ရွာမှ တစ်နှစ်အောက် ကလေး(၆၃)ဦးအား ပုံမှန် EPI ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ယနေ့နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ EPI ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းပြုလုပ်ရာတွင် ဇယန်းကြီးကျေးလက်ကျန်းမာရေးမှူး ဆရာဦးအောင်မြင့် နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များတို့က မိခင်နှင့် ကလေးများကို ကိုဗစ်-၁၉ မဖြစ်ပေါ်စေရေး ဆေးခန်းသို့ လာရောက်သူများအား ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ Hand gel အသုံးပြုစေခြင်း၊ နှာခေါင်းစည်းများ တပ်ထားစေခြင်းနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းအတွက် လိုက်နာရမည့် စည်းကမ်းများကို အသိပညာပေးပြီး mask များကို အခမဲ့ ဝေငှပေးခဲ့ကြကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန် ပြန် ဆက်)