နတ်မောက် မေ ၁၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြစ်စေမည အစားအစာများ ထောက်ပံ့ပေးခြင်းကို မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ယမန်နေ့နံနက် (၁၀) နာရီ အချိန်က ကိုယ်ဝန်ဆောင်မိခင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လတ်လတ်ဆွေနှင့် အဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်ဝစေရန် ရည်ရွယ်၍ တစ်ဦးလျှင် ငှက်ပျောသီး(၁)ဖီး၊ အိုင်အိုဒင်းဆား(၁)ထုတ်၊ ကြက်ဥ(၁၀)လုံး၊ ကွေကာအုတ်(၅)ထုတ်စီကို ကိုယ်ဝန်ဆောင်မိခင် (၃၀) ဦးထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သင်းသင်းမြတ်