အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်

မြင်းမူ မေ ၁၀

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် ပြည်သူများ သိရှိနာလည်စေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေးTalk Show ဆွေးနွေးပွဲကို  ယနေ့ နံနက်ပိုင်းတွင်  မြင်းမူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းအောင်က Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယ​ဦးစီးမှူး ဒေါ်မြင့်မြင့်မိုးက အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှုခံရပါက ကူညီဆောင်ရွက်ပေးမှု အခြေအနေများ၊  အမျိုးသမီးများ၏ လူမှုဘဝ မြင့်မားရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှု မခံရစေရေးအတွက် မိမိကိုယ်ကို ကာကွယ်ရမည့် နည်းလမ်းများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပေးခဲ့သည်။

မြင်းမူမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး  ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စာဖတ်ဝိုင်းများ၊ ပုံပြောပြိုင်ပွဲများ၊ Talk Show ဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)