နတ်မောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နေကြာ(မိုး)သီးနှံ စိုက်ပျိုးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှု

နတ်မောက် မေ ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နေကြာ(မိုး)သီးနှံများ စတင်စိုက်ပျိုးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သည့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့က  ယနေ့နံနက်(၇)နာရီအချိန်တွင် စည်သာကျေးရွာ၊ လေးအိမ်ကျေးရွာ၊ စခန်းမကျေးရွာ၊ ဗူးပင်တဲကျေးရွာနှင့် ကျောင်းကုန်းကျေးရွာများ၌ မိုးနေကြာ စတင်စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

နတ်မောက်မြို့နယ်တွင်၂၀၂၂-၂၀၂၃ ခုနှစ်တွင်  နေကြာ(မိုး/ဆောင်း) ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရာ၌ လျာထားဧကများတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ နေကြာစိုက်ပျိုးရန်ပါဝင်သည့် ကျေးရွာများ၌ မိုးနေကြာများ စတင်စိုက်ပျိုးလျက်ရှိသည်။ အဆိုပါ မိုးနေကြာများ စတင်စိုက်ပျိုးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများအဖွဲ့က စိုက်ခင်းအရောက် တောင်သူလက်ဝယ်သို့ နေကြာမျိုးစေ့ ဖြန့်ဖြူးပေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက စိုက်နည်းစနစ်များ ပြောကြားခြင်းတို့ဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သင်းသင်းမြတ်