ဘားအံ စက်တင်ဘာ ၃
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လူနေစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အသိပညာပေးခြင်းများကို ယနေ့နံနက် ၈ နာရီက ဘားအံ မာဃလူမှုကယ်ဆယ်ရေးအသင်းမှဦးဆောင်၍ အမှတ်-၁ စံပြစျေးမှစတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ ဘားအံမြို့ပေါ်လူနေစည်ကားရာနေရာဖြစ်သော အမှတ် (၁) အဆင့်မြင့်စံပြစျေး (ရေပေါ်စျေး)၊ မြို့မစျေးကြီး၊ နာရီစင်လမ်းဂွ၊ မဲဘောင်စျေး၊ ကန်သာယာညစျေး၊ ကမ်းနားလမ်းညစျေးတန်းနေရာများတွင် စျေးရောင်းစျေးဝယ်နှင့် လမ်းသွားလမ်းလာသူများအား Mask များ တပ်ဆင်သွားလာနိုင်ရန် Mask များပေးဝေခြင်း၊ ကိုဗစ်-၁၉ မဖြစ်ပွားစေရေးအတွက် ဆိုင်းဘုတ်များဖြင့် အသိပေးခြင်း၊ လက်ကမ်း စာစောင်များ ဝေငှခြင်းများဆောင်ရွက်ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)