ဂွ မေ ၉
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများနှင့် ပတ်သက်၍ အသိပညာပေး (Talk Show)ကို Community Centre ခန်းမ လူထုအခြေပြုဗဟိုဌာန၌ ယနေ့၊ နေ့လည် ၁၂နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က မသန်စွမ်းပြုစုစောင့်ရှောက်ရေးဂေဟာနှင့်ပတ်သက်၍ သိရှိလိုသော အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပိုင်သူအောင်က မသန်စွမ်းပြုစုစောင့်ရှောက်ရေးဂေဟာ၏ ရည်ရွယ်ချက်၊ သင်တန်းသား လက်ခံသည့် ကလေးအမျိုးအစား၊ ကျွေးမွေးစောင့်ရှောက်မှု အခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်ပေးမှု အခြေအနေများ၊ လေ့ကျင့်သင်ကြားပေးမှုများ၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြား ဆောင်ရွက်ပေးမှုများနှင့် အားကစားနှင့်ပတ်သက်၍ ဆောင်ရွက်ပေးမှု အခြေအနေများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
ရွှေရည်ဝင်းကျော် (ပြန်/ဆက်)