မိုးကုတ်မြို့နယ်တွင် ဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲကျင်းပ

မိုးကုတ် မေ  ၉

ပြည်ထောင်စုသမ္မတမြန်မာ‌နိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကျင်းပသော ၂၀၂၂ ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမ ပြန်စာမေးပွဲကို ၇.၅.၂၀၂၂ နေ့တွင် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် စာဖြေဌာန မဟာမြတ်မုနိဘုရား ဓမ္မာရုံတွင် ကျင်းပလျက်ရှိပြီး (၁၃--၂၀၂၂)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲတွင် ပထမကြီးတန်း စာရင်းသွင်း ၃၀ပါး ‌ဖြေဆို ၂၃ ပါး၊ ပထမလတ်တန်း စာရင်းသွင်း ၃၆ပါး ဖြေဆို ၂၉ပါး၊ ပထမငယ်တန်း စာရင်းသွင်း ၆၀ပါး ဖြေဆို ၅၃ ပါး၊ အခြေပြု မူလတန်း စာရင်းသွင်း ၉၄ပါး ဖြေဆို ၅၈ ပါးတို့သည် အေးချမ်းစွာဖြေဆိုတော်မူလျက်ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနထံမှ သိရသည်။

ကျော်ဇေယျာမြင့်(မိုးကုတ်)