မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် ရေနံချောင်းတက္ကသိုလ်တွင် အသစ်ခန့် အပ်သည့် နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမ အသစ်များအား ကြိုဆိုပွဲအခမ်းအနား တက်ရောက်

ရေနံချောင်း မေ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်၊ တိုင်း/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ နာရီက ရေနံချောင်းတက္ကသိုလ် ပတ္တမြားခန်းမ၌ ၂၀၂၂ ခုနှစ်တွင် အသစ်ခန့်အပ်သည့် နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမ အသစ်များအား ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ကြိုဆိုပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပညာရေးဝန်ကြီးဌာန၊ အဆင့် မြင့်ပညာ ဦးစီးဌာန ရေနံချောင်းတက္ကသိုလ်မှာ ဘာသာရပ်အသီးသီးအတွက် အသစ်ခန့်အပ်သည့် နည်းပြ၊ သရုပ်ပြများအဖြစ် နိုင်ငံ့တာဝန်ထမ်းဆောင်ကြမယ့် သစ်လွင်ဆရာ ဆရာမ ၂၃ ဦးကို နွေးထွေးစွာလက်ခံကြိုဆိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဆိုတာ နိုင်ငံတော်ရဲ့ ယန္တရားတစ်ခုလုံးကို ကောင်းမွန်စွာသက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက်ပေးကြသူများ ဖြစ်ကြောင်း၊ အထူးသဖြင့် ဆရာ ဆရာမများဟာ ပညာရေးကဏ္ဍမှာ လွန်စွာအရေးပါသူများဖြစ်ကြောင်း၊ ဆရာဆိုတာ မိမိ ကိုယ်တိုင်က ပညာကိုစဉ်ဆက်မပြတ် သင်ယူလိုသောဆန္ဒရှိပြီး ထိထိရောက်ရောက်သင်ကြား ပြသပေးနိုင်သော စွမ်းဆောင်ရည်ရှိသူမျိုးဖြစ်ဖို့လိုကြောင်း၊ နှစ်ဆယ့်တစ်ရာစုရဲ့ ခေတ်မီနည်း ပညာကျွမ်းကျင်မှု၊ ကိုယ်ကျင့် တရားကောင်းမွန်မှုတွေနဲ့ပြည့်ဝတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေးနိုင်ဖို့ လိုအပ်ပြီး အရည်အသွေး မြင့်မားတဲ့ပညာရပ်နဲ့ အသုံးချ သုတေသန လုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကာ ပညာရေးကို အခြေခံပြီး ဒေသနဲ့နိုင်ငံ အကျိုးပြု လူမှုစီးပွားဖွံ့ဖြိုး တိုးတက်လာရေးကို အထောက်အကူပြုနိုင်တဲ့ ပညာရပ်ဝန်း တစ်ခု အကောင်အထည် ဖော်နိုင်ဖို့ကိုလည်း ကြိုးစားကြစေလိုကြောင်း စသည်ဖြင့် ကြိုဆိုနှုတ်ခွန်း ဆက် အမှာစကားပြောကြားသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့က နည်းပြ၊သရုပ်ပြအသစ်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်ပြီး ရေနံချောင်းတက္ကသိုလ်တွင် မေလအတွင်းဖွင့်လှစ်မည့် ပုံမှန်နေ့သင်တန်းနှင့် အဝေးသင် သင်တန်းများအတွက် စာသင်ခန်းများ စီစဉ်ထားရှိမှုနှင့် ရွှေသရဖီ ကျောင်းသူ အိပ်ဆောင် အသစ် အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ နည်းပြ၊ သရုပ်ပြ သစ်လွင်များကြိုဆိုပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေနံချောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရေနံချောင်း တက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ ဒုတိယပါမောက္ခချုပ်နှင့် သင်ကြား/စီမံ ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမအသစ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်