ပုသိမ် မေ ၉
ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့နယ်ရွာသစ်ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာတွင် ဖွင့်လှစ်ထားရှိသော ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၄) သင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့ နံနက် ၉ နာရီအချိန်တွင် အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်နှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့်သင်တန်းဆရာမများ သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သင်တန်းဖွင့်ပွဲအမှာစကား ပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန မှနယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသများတွင် နေထိုင်ကြသော ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုတက်စေရေး၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးဟူသော မူဝါဒကြီး ၄ ရပ်ကို ချမှတ်ကာနယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနဟူ၍ ဌာနကြီး ၂ ခု ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အနေဖြင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များကို အခြေခံအဆင့်မြင့် ပညာရပ်များသင်ကြားလေ့ကျင့်ပေးလျှက်ရှိပါကြောင်း ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဧည့်သည်တော်များက အခမ်းအနားတွင် ခင်းကျင်းပြသထားသော သင်တန်းသုံး သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုလေ့လာခဲ့ကြသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သင်တန်းသူ(၄၇)ဦး တက်ရောက်ခဲ့ကြပြီး ၉-၅-၂၀၂၂ မှ ၇-၁၀-၂၀၂၂ ထိဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်ဟန်(ပြန်/ဆက်)