ချောင်းသာ မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ မေ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံးတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်က အဖွင့်ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး ချောင်းသာမြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များအတွက် ရာထူးခန့်အပ်လွှာများကို ချီးမြှင့် ပေးအပ်သည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ချောင်းသာမြို့ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးထွန်းအောင်ကိုက အသင်း၏ ရှေးလုပ်ငန်းစဉ်များနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ လုပ်ငန်းများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးဦးသီဟအောင်၊ မြို့ပြန်/ဆက် ဦးစီးမှူး ဦးဝင်းကျော်ကျော်၊ ချောင်းသာမြို့ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌဦးထွန်းအောင်ကို၊ ကြက်ခြေနီသူနာပြု တပ်ခွဲမှူးဦးသန်းဌေးနှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဂုဏ်ပြုပွဲသို့ တက်ရောက်လာသူများအား နံနက်စာလ္ဘက်ရည်၊ မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)