ကျောက်ကြီး မေ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မအူပင်ဆိပ်ကျေးရွာအုပ်စုဆိပ်ကြီးကျေးရွာရှိ တောင်ကုန်းပိုင်းလမ်းအား ယနေ့နံနက်ပိုင်းတွင် ကျေးရွာသူ ကျေးရွာသားများက လမ်းသားချဲ့ထွင်းခြင်း ကိုယ်ထူကိုယ်ထဆောင်ရွက်ခဲ့သည်။
ဆိပ်ကြီးကျေးရွာရှိ တောင်ကုန်းပိုင်းလမ်းသည် အရှည် ပေ(၉၀၀)၊ အကျယ်(၁၂)ပေ ရှိပြီး၊ ယခုအခါကျေးရွာဖွံ့ဖြိုးတိုးတက်စေရေး၊ လူနေမှုအဆင့်အတန်းမြင့်မားစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး၊ လူမှုရေးကားများ၊ နာရေးကူညီမှုကားများ အဝင်အထွက် လွယ်ကူ စေရေးတို့အတွက် ရည်ရွယ်ပြီး ကျေးရွာရပ်မိရပ်ဖများ ဦးဆောင်မှုဖြင့် လမ်းအရှည် ပေ(၉၀၀)ရှိ အကျယ် (၁၂) ပေအား နောက်ထပ် (၃)ပေဘေးသားချဲထွင်၍ ကျေးရွာနေ ဒေသခံပြည်သူများ၏ လှူဒါန်းငွေ၊ လုပ်အားကူညီမှုဖြင့် လမ်းသား ချဲ့ထွင်ခဲ့ကြောင်းသိရသည်။
အဆိုပါ လမ်းသားချဲ့ထွင်ခြင်းလုပ်ငန်းအား ဆိပ်ကြီးကျေးရွာ တောင်ကုန်းပိုင်းရှိ ကျေးရွာသူ ကျေးရွာသားများက စည်းလုံးညီညွတ် စွာဖြင့် လုပ်အားဒါနပြုခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်