ကျောက်ကြီးမြို့နယ်အတွင်းရှိ (၂၄)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆို သံဃာများအား အချိုရည်ဗူးများဆပ်ကပ်လှူဒါန်း

ကျောက်ကြီး မေ ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ(၂၄)ကြိမ်မြောက် အစိုးရပါဠိ ပထမပြန်စာမေးပွဲဖြေဆို သံဃာများအား ယနေ့နေ့လယ် ၁၂ နာရီတွင်  Royal-D အချိုရည် အအေးဗူးများဆပ်ကပ်လှူဒါန်းမှုပြုခဲ့ကြောင်းသိရသည်။

ဆပ်ကပ်လှူဒါန်းမှုကို ကျောက်ကြီးမြို့နယ် အမျိုးသမီးရေးရာအသင်း ဥက္ကဋ္ဌမှ ဦးဆောင်ပြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက (၂၄)ကြိမ် မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုကြသည့် စာဖြေသံဃာ(၂၆)ပါးအား အေးချမ်းစွာ ဖြေဆိုနိုင်ရေး၊ ပူပြင်း၍ ချွေးထွက်များမှု သက်သာစေရေးတို့ ရည်ရွယ်ပြီး Royal -D အချိုရည် အအေးဗူးများ ဆပ်ကပ်လှူဒါန်းရခြင်းဖြစ်ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်