သာပေါင်း မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဝိဇယဓမ္မာရုံ၌ ယနေ့မေလ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က စတင်၍ အစိုးရ ပါဠိပထမပြန်စာမေးပွဲ ကျင်းပခဲ့သည်။
အစိုးရ ပါဠိပထမပြန်စာမေးပွဲ မေးခွန်းလွှာများကို စာဖြေဌာန ထပ်ဆင့်ကြီးကြပ်ဆရာတော် ထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ ဆက်ကပ်ခဲ့ပြီး စာဖြေဌာန ထပ်ဆင့် ကြီးကြပ်ဆရာတော်၊ ကြီးကြပ်ရေးဆရာတော်သံဃာတော်များနှင့် စာဖြေသံဃာတော်တို့ကို သာပေါင်း အဆင့်မြင့်စက္ကူစက်ရုံနှင့် သာပေါင်း သတင်းစာစက္ကူစက်ရုံ ဝန်ထမ်းများမှ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဝိဇယ ဓမ္မာရုံ စာဖြေဌာန၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက်ကျင်းပကြရာ စာဖြေဌာန ထပ်ဆင့်ကြီးကြပ်ဆရာတော် (၂)ပါး၊ ကြီးကြပ်ရေး ဆရာတော် သံဃာတော် (၁၀)တို့၏ ကြီးကြပ်မှုဖြင့် စာဖြေသံဃာတော် ပထမကြီးတန်း စာရင်းရှိ(၅)ပါး၊ ဖြေဆို(၅)ပါး၊ ပျက်ကွက် မရှိ၊ ပထမလတ်တန်း စာဖြေ(၅)ပါး၊ ဖြေဆို(၄)ပါး၊ ပျက်ကွက်(၁)ပါး၊ ပထမငယ်တန်း စာဖြေ(၇)၊ ဖြေဆို(၆)၊ ပျက်ကွက်(၁)ပါး၊ အခြေပြုမူလတန်း စာရင်းရှိ(၁၂)ပါး၊ စာဖြေ(၈)ပါး၊ ပျက်ကွက် (၄)ပါး၊ စုစုပေါင်းစာဖြေသံဃာ စာရင်းရှိ(၂၉)ပါး၊ စာဖြေ(၂၃)ပါး၊ ပျက်ကွက်(၆)ပါးတို့က တတိယနေ့ အဘိဓမ္မတ္ထသင်္ဂဟဘာသာအား ဆက်လက်ဖြေဆို နေကြလျက်ရှိပြီး အစိုးရပါဠိ ပထမပြန် စာမေးပွဲကို မေလ(၇ ရက်နေ့မှ ၁၃)ရက်နေ့ထိ၊ မွန်းတည့် ၁၂ နာရီ မှ ညနေ ၃ နာရီအထိ စာမေးပွဲကာလအတွင်း စာဖြေဌာန ကြီးကြပ်ဆရာတော်၊ သံဃာတော်(၁၂)ပါး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ဦးစီးမှူးဦးဇော်ဝင်းအောင်၊ မြို့ဌာနဆိုင်ရာများ၊ မြို့နယ်လုံးဆိုင်ရာ ဥပထမ္ဘကအဖွဲ့၊ စေတနာရှင်အလှုရှင်တို့၏ လှူဒါန်းမှု များဖြင့် ကျင်းပလျက်ရှိကြောင်း သိရှိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်