ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အ-ထ-က(ညောင်ကျိုး)နှင့် အ-ထ-က (အင်္ဂပူ)ကျောင်းတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာ၊‌ဆရာများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

အင်္ဂပူ မေ ၉

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းသည် ယ‌မန်နေ့‌ နေ့လည်ပိုင်းက အင်္ဂပူမြို့နယ်၊‌ ညောင်ကျိုးကျေးရွာ၊ အ-ထ-က(ညောင်ကျိုး)၌ ပြုလုပ်သည့်‌ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွင်‌တက်ရောက်နေသည့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းအုပ်ဆရာ၊‌ ဆရာများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကား‌‌ပြောကြားပြီး ကျောင်းများအချိန်မှီ ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက်နိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့‌နောက် တက်ရောက်လာသော ကျောင်းအကျိုးတော်ဆောင်များနှင့် ရပ်မိ၊ ရပ်ဖများမှ ကျောင်းနှင့်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကိုတင်ပြရာ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ဝန်ကြီးချုပ်တို့မှ ဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့‌နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ (ညောင်ကျိုး) အ-ထ-က ကျောင်းအတွက် စာရေးကိရိယာနှင့် ထောက်ပံ့ကြေးငွေ (၂)သိန်းကျပ်ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အ-ထ-က (အင်္ဂပူ)၌ ပြုလုပ်သည့်‌ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းတွင်‌ တက်ရောက်နေသည့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ဆရာ၊‌ဆရာများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကား ပြောကြားပြီး အ-ထ-က(အင်္ဂပူ)အတွက် စာရေးကိရိယာနှင့် ထောက်ပံ့ကြေးငွေ (၂)သိန်းပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးမှ လက်ခံရယူခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ရပ်မိ၊ ရပ်ဖများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)