ပြည် မေ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ယနေ့နံနက်၈နာရီခွဲ အချိန်က ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပဲခူးတိုင်းဒေသကြီး(အနောက်) အခြေခံပညာ အလယ်တန်းအဆင့် Grade-8(သင်ရိုးသစ်) ပဲခူးတိုင်းဒေသကြီး နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ပြည်မြို့(ရုံးခွဲ)မှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး၊ ဆရာမကြီး ဒေါ်စန်းစန်းဝင်းက အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်)တိုင်းအဆင့် နည်းပြသင်တန်းကျင်းပရခြင်းနှင့် Grade-8(သင်ရိုးသစ်)တိုင်းအဆင့် နည်းပြ သင်တန်းအား အလယ်တန်း Grade-8(သင်ရိုးသစ်)ဖြင့် သင်ကြားမည့် ဆရာ၊ ဆရာမများ စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပိုချနိုင်စေရန်၊ သင်ကြားသင်ယူမှု စနစ်သစ်၏ ထိရောက်မှုကို နားလည်ရန်၊ သင်ရိုးသစ်ကိုကျောင်းသား၊ ကျောင်းသူများ ကောင်းစွာ သင်ယူနိုင်စေရန် ရည်ရွယ်ကြောင်းပြောကြားသည်။
ယင်းနောက်သာယာဝတီခရိုင်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်စုစုလှိုင်က မြို့နယ်အဆင့်ဆင့် ပွားသင်တန်း များ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ပြည်ခရိုင်နှင့် သာယာဝတီခရိုင် (၁၄)မြို့နယ်မှဆရာ၊ ဆရာမ စုစုပေါင်း (၂၇၉)ဦး တက်ရောက်ကြပြီး၊ သင်တန်း (နည်းပြ)ဆရာ၊ ဆရာမ(၂၇)က ဦးဆောင်သင်ကြား ပို့ချပေးမှာဖြစ်ပြီး၊ သင်တန်းကာလမှာ မေလ(၉)ရက်မှ မေလ(၁၁)အထိ (၃)ရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ ဆရာ၊ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။
ကိုစိုး