ပင်လောင်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲပြုလုပ်

ပင်လောင်း   မေ   

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို   ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ရှမ်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန စစ်ဆေးရေးမှူး ဦးအောင်ဇင်ဝင်းက ယာဉ်စည်းကမ်း၊ လမ်စည်းကမ်းဆိုင်ရာ အဝါရောင်သင်္ကေတတွင် ဖော်ပြထား သည့် အန္တရာယ်သတိပေး လမ်းညွှန်ဆိုင်းဘုတ်များ၊ အနီရောင်သင်္ကေတတွင် ဖော်ပြထားသည့်  တားမြစ်ခြင်းနှင့် ကန့်သတ်ခြင်းလမ်းညွှန်ဆိုင်းဘုတ်များ၊ အပြာရောင်သင်္ကေတတွင် ဖော်ပြထား သည့် အမိန့်ပေးလမ်းညွှန် ဆိုင်းဘုတ်များ၊ လမ်းအမှတ်အသားများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယမြို့နယ် ရဲတပ်မှူးဒုတိယရဲမှူးဝင်းနိုင်က မော်တော်ယာဉ်များ မောင်းနှင်ရာ တွင် အန္တရာယ်ကင်းရှင်းစေရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များ၊ အရေးယူဆောင်ရွက်ရသည့် ဥပဒေအကြောင်းများကိုလည်းကောင်း ရှင်းလင်း ဟောပြောကြသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ထက်၊ ရှမ်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန စစ်ဆေးရေးမှူးဦးအောင်ဇင်ဝင်း၊ ဒုတိယမြို့နယ်ရဲတပ်မှူး ဒုတိယရဲမှူး ဝင်းနိုင်တို့က ဟောပြောပွဲသို့ တက်ရောက်လာကြသည့် မော်တော်ယာဉ်မောင်းများအား ယာဉ်မောင်းသူများ လက်စွဲစာအုပ်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဂရုပြုစဉ်းစား ဆောင်ရွက်ပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ခွန်အာကာစိုး