ပေါက်ခေါင်းမြို့၌ ၂၀၂၂-ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကျင်းပ

ပေါက်ခေါင်း    မေ  

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-ခုနှစ် ပါဠိပထမပြန် စာမေးပွဲကို အမှတ်(၂) ရပ်ကွက်ရှိ ပညာဇောတာရုံစာသင်တိုက်တွင် ယနေ့မွန်းတည့် ၁၂ နာရီအချိန်က စတင်ဖြေဆို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲဖြေဆိုမည့် သံဃာတော်များကို ပေါက်ခေါင်းမြို့ သဟပုညကာရီ အဖွဲ့က နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပြီး၊ မွန်းတည့် ၁၂  နာရီမှတင်၍ နေ့လည် ၃ နာရီအထိ ပါဠိပထမပြန် စာမေးပွဲကို ဖြေဆိုကျင်းပခဲ့သည်။ ပေါက်ခေါင်းမြို့နယ်အတွင်း ဘုန်းတော်ကြီး ကျောင်းများမှ ပါဠိပထမပြန်စာမေးပွဲကို အခြေပြုမူလတန်း (၂၂)ပါး၊ ပထမငယ်တန်း (၃)ပါး၊ ပထမလတ်တန်း(၄)ပါးနှင့် အကြီးတန်း(၂)ပါး စုစုပေါင်း စာဖြေသံဃာ (၃၁)ပါး ဝင်ရောက် ဖြေဆိုရန်စာရင်း‌ ပေးထားရာ၊ အခြေပြုမူလတန်း (၃)ပါးနှင့် ပထမလတ်တန်း (၁)ပါး၊ စုစုပေါင်း (၄)ပါးပျက်ကွက်ခဲ့၍ စာဖြေသံဃာ(၂၇)ပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ စာမေးပွဲကို မေလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဖြေဆိုကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)