ကန်ကြီးထောင့် မေ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်း၌ တာဝန်ထမ်းဆောင်နေသော ကျောင်းအုပ်ကြီးများအနေဖြင့် စီမံခန့်ခွဲမှုစနစ် ပိုမိုအားကောင်း လာစေရန်အတွက် မြို့နယ်အဆင့် ပညာရေးစီမံခန့်ခွဲမှု သင်တန်းအား ယနေ့နံနက် ၉နာရီက ဘဲဂရက် အခြေခံပညာ အထက်တန်းတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်တင်မေသန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းအား ယနေ့မှ မေလ ၈ ရက်နေ့အထိ၂ ရက်ကြာ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီး ၁၉၄ ဦး တက်ရောက်လျက်ရှိပြီး မြို့နယ်ပညာရေးမှူး ဒေါ်တင်မေသန်းနှင့် သင်တန်းဆရာ ၄ ဦးတို့က ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)