မော်လမြိုင် မေ ၇
မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်တွင် မေလ၁၂ရက်နေ့၌ တက္ကသိုလ်ကျောင်းများ ပြန်လည် ဖွင့်လှစ် တော့မည်ဖြစ်သောကြောင့် တက္ကသိုလ်ကျောင်း၀င်းအတွင်း/အပြင် သန့်ရှင်းသာယာ လှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့ နံနက် ၆နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ရာ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက တက်ရောက်ကြည့်ရှူ့ အားပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်/ပင်၊ ထွေ/အုပ်၊ လျှပ်စစ်၊ ဘိုဘို၀င်း လူမှုကယ်ဆယ်ရေးအဖွဲ့၊ ရာမညလူမှုကယ်ဆယ်ရေးအဖွဲ့၊ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့၀င်များ၊ NGOများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများ စုစုပေါင်းအင်အား (၃၃၅)ဦးခန့်ဖြင့် တက္ကသိုလ်ကျောင်း၀င်းအတွင်းရှိ မြက်ပင်များ၊ ချုံနွယ်များ၊ ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များအား စုပေါင်း၍ သန့်ရှင်းရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ် ဆောင်ရွက်နေမှု အခြေအနေများကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်၊ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှူ့ပြီး အားပေးစကားပြောကြားကာ လိုအပ်သည်များကိုမှာကြား ဆောင်ရွက်ခဲ့ကြောင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)