ခန္တီး မေ ၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများအနေဖြင့် အများပြည်သူ အသိပညာပြန့် ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ကို ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့နှင့် မြို့နယ်မီးသတ် ဦးစီးမှူး ဦးအောင်မျိုးဝင်း တို့ကအပြန်အလှန်ဆွေးနွေးခဲ့ကြရာ မြို့နယ်မီးသတ်ဦးစီးမှူးက မိမိတို့မီးသတ် အနေဖြင့် မီးဘေးလုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေး ဟူ၍ကဏ္ဍကြီး (၃)ခုရှိ ပြီးမီးဘေးကြိုတင်ကာကွယ်ရေးမှာ အဓိကဖြစ်ကာ လူတိုင်းလူတိုင်းတွင် မီးအသိ၊ မီးသတိရှိရန်လိုအပ်ကြောင်း အခုလိုပူပြင်းခြောက်သွေ့သည့်ကာလတွင် မိဘပြည်သူများအနေဖြင့် အိမ်တိုင်း အိမ်တိုင်းတွင် မိချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ ဆောင်ထားရန်လိုအပ်ကြောင်း စသည့် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သတ်သည့် သိသင့်သိထိုက်သည်များကို ဆွေးနွေး သွားသည်။
ခရိုင်(ပြန်/ဆက်)