လှိုင်သာယာ(အနောက်ပိုင်း) မေ ၆
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြည်သူလူထုများ ခေတ်အဆက်ဆက်သမိုင်းကြာင်းများ သိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ (၁)နာရီက စာရေးဆရာဦးမြင့်သိန်း(သမိုင်း)ရေးသားသော မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်း မှတ်စုတိုများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး၊ ဒေါ်ဝေလွင်လွင်ကျော်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းပြောကြားပြီး မြို့နယ်စာရေးဆရာ ဦးသူရကျော် အယ်ဒီတာ (ဉာဏတတ္တစရိယာ)က စာရေးဆရာ ဦးမြင့်သိန်း(သမိုင်း) ရေးသားသော မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်း မှတ်စုတိုများစာအုပ်မှ ခေတ်အဆက်ဆက်သမိုင်းအကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးပေး၍ စာပေချစ်သူအဖွဲ့က မိမိတို့သိရှိလိုသည်များအား မေးမြန်းဆွေးနွေး၍ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။
သိန်းသိန်း