ရွှေဘိုတက္ကသိုလ်၌ နည်းပြ/သရုပ်ပြ ဆရာ၊ဆရာမ သစ်လွင်များအား ကြိုဆိုပွဲအခမ်းအနား ကျင်းပ​

​ရွှေဘို   မေ   ၆

 စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုတက္ကသိုလ်၌ နည်းပြ/သရုပ်ပြ ဆရာ၊ဆရာမ သစ်လွင်များအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်၁၀ နာရီအချိန်က  ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ ​ရွှေဘိုခရိုင် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက နှုတ်ခွန်းဆက်စကား ပြောကြားရာ တွင်၊ ဆရာ၊ ဆရာမသစ်များ ကြိုဆိုတဲ့ ဒီ​နေ့ဟာမင်္ဂလာရှိ​သော​​နေ့ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများသည်၊ နိုင်ငံ၏ အနာဂတ်မျိူးဆက်သစ်များ​ မွေးထုတ်​ပေးသူများဖြစ်ခြင်း​ကြောင့် စံပြဖြစ်​အောင်​​ နေထိုင်ရမည်ဖြစ်​ကြောင်း၊ ဝန်ထမ်း​ကောင်းတစ်​ယောက်ထားရှိရမည့် စိတ်ထား ဖြင့်ကြိုးစား​နေထိုင်ရန်လိုအပ်​ကြောင်း​​ပြောကြားခဲ့သည်။

ဆက်လက်ပြီး​ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်​ဒေါက်တာမျိုးမျိူးမှ ယနေ့ခေတ်တွင် ပညာရေးကို နိုင်ငံအကြီးအကဲ ခေါင်းဆောင်များက အလေးထားဂရုတစိုက်အားထုတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံသားတိုင်းပညာသင်ယူလေ့လာနိုင်စေရန်နှင့် အရည်အသွေး ရှိသောပညာရေးကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်အဖြစ် ထားရှိခြင်းသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးသည်မရှိမဖြစ် အလွန်လိုအပ်ကြောင်း" စသည်ဖြင့် ပြောကြားပြီး​ ရွှေဘိုတက္ကသိုလ်၊ ဒုပါမောက္ခချုပ် ဒေါက်တာတင်တင်ရီမှ ကျေးဇူးတင်စကား ပြောကြားရာတွင် ​ရွှေဘိုတက္ကသိုလ်တွင် နည်းပြ/သရုပ်ပြ သစ်လွင် ဆရာ၊ဆရာမ ၁၃၀ ဦးကို ခန့်အပ်ခဲ့ပါကြောင်း၊ ဆရာ၊ ဆရာမများအ​နေဖြင့် ဝန်ထမ်းတစ်ဦး လိုက်နာရမည့်ကျင့်ဝတ်၊ စည်းကမ်းများ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်​လေးစားမှု့ရှိခြင်း၊ နိုင်ငံ့ဝန်ထမ်း တစ်ဦး ဖြစ်သည့်အတွက် ပါတီနိုင်ငံရေးကင်းရန် လိုအပ်​ကြောင်း​၊ နည်းပညာ​ခေတ်ဖြစ်သည့်အတွက် ဘာသာရပ်များကို စဉ်ဆက်မပြတ လေ့လာသင်ယူရန် လိုအပ်​ကြောင်း​ပြောကြားပြီး​ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမများ အား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြ​ကြောင်း သိရသည်။

ခရိုင်ပြန်/ ဆက်