ကျောက်တံခါးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

ကျောက်တံခါး မေ ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မာရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က အ-ထ-က(ကျောက်တံခါး) ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေက အဖွင့်အမှာ စကားပြောကြားပြီး  မြို့နယ် ပညာရေးမှူး ဒေါက်တာဇင်သကဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား   ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံ‌ဆွေးနွေးပွဲကို ပဲခူး အ-ထ-က(၁)တွင် စီမံ၊ ဘဏ္ဍာ၊ သင်ကြား၊ စီမံကိန်း စာရင်းအင်း၊ အညွှန်းကိန်း ပညာရေးမူဝါဒလမ်းညွှန်ချက် ပညာရပ်များအား သင်တန်း တက်ရောက်ခဲ့သော ကျောင်းအုပ်ဆရာမကြီး (၅)ဦးတို့က ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမ (၂၁၇)ဦးတို့အား(၅-၅-၂၀၂၂)ရက်နေ့မှ (၆-၅-၂၀၂၂)ရက်နေ့အထိ ၂ ရက်ကြာ သင်တန်းနည်းပြအဖြစ် ဆင့်ပွားပြန်လည် ဆွေးနွေး ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းစန်း