ဒေးဒရဲမြို့နယ် Community Centre ခန်းမတွင် ပန်းချီပြိုင်ပွဲနှင့် ဂိမ်းပြိုင်ပွဲများ ကျင်းပ

ဒေးဒရဲ မေ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပန်းချီပြိုင်ပွဲနှင့် ဂိမ်းပြိုင်ပွဲများအား ယနေ့ နံနက် ၁၁ နာရီတွင် ကျင်းပခဲ့ကြာင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဒေးဒရဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များ ကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေ‌ရန်၊ ပန်းချီ‌ရေးဆွဲခြင်းအား စိတ်ပါဝင်စားလာစေရန်နှင့်  ဉာဏ်ရည်ဉာဏ်သွေးများ ယခုထက်ပိုမိုမြင့်မားလာပြီး စိတ်တည်ငြိမ်စွာဖြင့် ဆောင်ရွက်တတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲကျင်းပ ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများက ပန်းချီပြိုင်ပွဲနှင့် ဂိမ်းပြိုင်ပွဲများအား ပျော်ရွှင်စွာ ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။

ရွှေဒေးသူ