ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ပြဘုတ်တွင် ပြည်သူများအား အသိပညာပေး စာစောင်များပြသ

ဓနုဖြူ မေ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်တွင် ယနေ့ နံနက်(၁၁)နာရီအချိန်က ပြည်သူများအား အသိပညာပေးစာစောင်များ ပြသခဲ့သည်။

ထိုသို့အသိပညာပေး ဆောင်ရွက်ရာတွင် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးချက်များ၊ သတိပြုရမည့် အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်အန္တရာယ် ကာကွယ်ရေး နှိုးဆော်ချက်များ၊ သတိပြု လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အပူရှပ်ခြင်းဖြစ်ပေါ်က ပြုစုသင့်သည်များ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရမည့်အချက်များ၊ ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များနှင့် လျှပ်စစ်ဓါတ်အား ချွေတာနိုင်သည့် နည်းလမ်းများအား အသိပညာပေး ပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)