ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးမြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ဖြူးမြို့နယ်တွင် ပြုလုပ်

ဖြူး မေ ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာရေးဦးစီးဌာနမှ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးမြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို မေလ ၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်ကစတင်ကာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာ စကားပြောကြားကာ ဖွင့်လှစ်ခဲ့ပြီးနောက် အစီအစဉ်အတိုင်းဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ ဖြူးမြို့နယ်အတွင်းရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံဆရာ၊ ဆရာမများတက်ရောက်ကြပြီး စီမံဘာသာရပ်၊ ဘဏ္ဍာ ဘာသာရပ်၊ ပညာ/ ကြီးဖြတ်ဘာသာရပ်၊ စာရင်းအင်း/ မူဝါဒဘာသာရပ်များကို မေလ ၆ ရက်နေ့မှ မေလ ၇ ရက်နေ့ထိ (၂ )ရက်တိုင် ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)