ကြံခင်း မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၃)အုပ်စုမှ လေဘေးသင့်အိမ်ထောင်စု (၁၀)စုကို ယနေ့ နံနက် (၁၁)နာရီခွဲအချိန်က ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကယ်ဆယ်ရေး ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၃)အုပ်စုတွင် အမိုးလန်/အကာပျက်စီး (တစ်စိတ်တပိုင်း) အိမ်ခြေများအတွက် ထောက်ပံ့ပေးရာ အိမ်ထောင်စု(၁၀)စုအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် ၃၂၀၀၀၀/- နှင့် ဆန်ရိက္ခာဖိုးငွေ ကျပ် ၈၄၀၀၀/- ၊စုစုပေါင်းငွေကျပ် ၄၀၄၀၀၀/- ကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချောစုစိုးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးထွန်းသန့်စင်မျိုးတို့က သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များနှင့် လေဘေးသင့်ပြည်သူများ လက်ဝယ်ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)