အင်္ဂပူမြို့နယ်၊ ကညင်တပင်ကျေးရွာမှ ကမ်းပြိုပြောင်းရွေ့ အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်ဖိုးနှင့် ဆန်ရိက္ခာဖိုးများထောက်ပံ့

အင်္ဂပူ မေ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊အ င်္ဂပူမြို့နယ်၊ ဝက်လဟာအုပ်စု၊ ကညင်တပင်ကျေးရွာတွင် ယမန်နေ့ညနေပိုင်းက ကမ်းပြိုပြောင်းရွေ့ အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာချမ်းမြေ့တို့မှ ကညင်တပင်ကျေးရွာ၌ မေ ၄ ရက်နေ့က ယခုနှစ်မိုးရာသီတွင် မြစ်ကမ်းပါး ထပ်မံပြိုကျမည်ကို စိုးရိမ်သဖြင့် ကြိုတင်ပြောင်းရွေ့သွားသောလူ နေအိမ်(၁၄)လုံးအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ်ရာ ပြောင်းရွေ့အိမ်ထောင်စုများက လက်ခံရယူခဲ့သည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ ပြောင်းရွေ့အိမ်ထောင်စု တစ်စုလျှင် အိမ်ဆောက်ပစ္စည်းဖိုး(၁)သိန်းကျပ်နှုန်းဖြင့် ပြောင်းရွေ့အိမ်ထောင်စု (၁၄)စုအတွက် ငွေကျပ် ၁၄ သိန်းနှင့် အိမ်ထောင်စု ၁၄ စု၊ လူဦးရေ(၅၁)ဦး အတွက် (၇)ရက်စာဆန်ရိက္ခာဖိုး (၁၀ ၇၁၀၀) ကျပ်၊ စုစုပေါင်း (၁၅၀၇၁၀၀)ကျပ် နှင့် Surgical Mask များထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မန်းကျော်-အင်္ဂပူ(ပြန်/ဆက်)