ဟင်္သာတ မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ဟင်္သာတတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဘာသာရပ်ဆိုင်ရာ နည်းပြ၊ သရုပ်ပြ၊ ဆရာ/ဆရာမ သစ်လွင်များ ကြိုဆိုပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီးနောက် ဟင်္သာတတက္ကသိုလ် ပါမောက္ခာချုပ် ဒေါက်တာသိင်္ဂီရွှေက သစ်လွင် ဆရာ/ဆရာမများကို ကြိုဆိုဂုဏ်ပြုစကားပြောကြားကာ တက်ရောက်လာကြသော နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမများ ကိုယ်စား မြန်မာစာဌာနမှ ဆရာမ ဒေါ်သင်းမြတ်နိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ်နှင့်ဒုတိယပါမောက္ခချုပ်များ ၊ဘာသာရပ်များအလိုက် ပါမောက္ခဌာနမှုးများ၊ သစ်လွင်ဆရာ/ဆရာမများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ