မြန်အောင် မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် လေဘေးသင့် အိမ်ထောင်စုများအား ယနေ့နံနက်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးရုံးက ထောက်ပံ့ငွေနှင့် ပစ္စည်းများ လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ် သရက်တောကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာ၊ ရေလဲကျေးရွာနှင့် မျှင်ဝါးတောင်ကျေးရွာအုပ်စု၊ မျှင်ဝါးတောင်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်း အမိုးလန်ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းနှင့် မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မကျီးစုတာကြီးတန်းတွင် (သွပ်မိုး၊ ထရံကာ၊ ဝါးခင်း) လူနေအိမ်ပေါ်သို့ မိုးရွာသွန်းမှုကြောင့် ပင်စည်ဆွေးမြေ့နေသော ကုက္ကိုပင် ပြိုလဲမှုဖြစ်ပွားခဲ့သော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင်