မြို့သစ် မေ ၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ တောင်သူများအနေဖြင့် မြေအောက်ရေကို အသုံးပြု၍ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကွက်သစ်ရပ်ကွက် တွင် စိန်တစ်လုံးသရက်မျိုးများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး စတင်ဆွတ်ခူး၍ ရောင်းချနေပြီဖြစ်သောကြောင့် နေ့စဉ်ပုံမှန် ဝင်ငွေများရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကွက်သစ်ရပ်ကွက်၊ မြို့သစ်နတ်မောက်ကားလမ်းဘေးရှိ ခြံဝန်းထဲတွင် သင်္ဘောပင်၊ ဂွေးပင်နှင့် စိန်တစ်လုံး သရက်မျိုးများကို စိုက်ပျိုးကြပြီး အဆိုပါစိုက်ပျိုးရေးကွင်းထဲမှ ထွက်ရှိသော စိန်တစ်လုံး သရက်သီးများအား သုံးလုံးကို တစ်ထောင်ကျပ်နှုန်းဖြင့် ရောင်းချခြင်းဖြင့် နေ့စဉ် ပုံမှန် ဝင်ငွေရရှိနေခြင်းကြောင့် သီးနှံမျိုးစုံစိုက်ပျိုးရေး လုပ်ကိုင်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်းသိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)