ဆင်ပေါင်ဝဲ မေ ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီး ဌာနမှ ဆင်ပေါင်ဝဲမြို့နယ်၊ သာစည်ကြိုးပြင် ကာကွယ်တော အကွက်အမှတ်(၇)အတွင်း၊ ကိုးပင်-သာဂရ လမ်းဘေးရှိ စိုက်ခင်းအမှတ် (၁/၂၀၁၄)တွင် ယမန်နေ့က ထင်း၊ တိုင်နှင့် မျောတိုင်များ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့လွှဲပြောင်းပေးအပ်ရာတွင် (၅)နှစ်သားအထက် ကျေးရွာသုံးစိုက်ခင်းမှထွက်ရှိသည့် ထင်း(၅) တန်၊ တိုင်(၁၈)လုံးနှင့် မျော(၁၂၅)လုံးနှင့် မှတ်တမ်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဇော်လတ်တို့မှ လွှဲပြောင်းပေးအပ်ခဲ့ရာတာဝန်ရှိသူများမှ လက်ခံရယူခဲ့သည်။
အဆိုပါစိုက်ခင်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ တာဝန်ယူစိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး အဆိုပါစိုက်ခင်းအတွင်းရှိ(၅)နှစ်သားအထက် ထင်း၊ တိုင်နှင့်မျောများအား ကျေးရွာအတွင်း အသုံးပြုနိုင်ရေးအတွက် လွှဲပြောင်းပေးအပ်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)