ဆင်ပေါင်ဝဲ မေ ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် သောက်ရေ ရှားပါးသော ကျေးရွာများအား သန့်ရှင်းသော သောက်ရေသိုလှောင်နိုင်စေရန်ရည်ရွယ်၍ စစ္စေးချောင်းကျေးရွာအုပ်စု၊ မင်းကန်ကျေးရွာတွင် ဂါလန် ၂၀၀ဆံ့ မိုးရေခံကွန်ကရစ်ကန် ၁၀၀ လုံးဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်နေမှုအား ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းအချိန်မီပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီရေး အထူးအလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)