ပေါင်းတည် မေ ၆
၂၀၂၂-ခုနှစ်ယမန်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲနေ့ အထိမ်းအမှတ်အဖြစ် ပေါင်းတည်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မင်းကွက်၁ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ ယမန်နေ့ညနေပိုင်းက မြို့မရိပ်သာဘုန်းတော်ကြီး ကျောင်းသို့ သောက်သုံးရေလှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးစည်သူဝင်း ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် များက နွယ်ချို၁ရပ်ကွက်ရှိ မြို့မရိပ်သာဘုန်းကြီး ကျောင်းသို့ သောက်သုံးရေ ဂါလံ၄၀၀၀ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
အေးအေးဆင့်