ဘိုကလေး မေ ၆
စားသုံးဆီဖူလုံရေးအတွက် ၂၀၂၂-၂၀၂၃ ဆောင်းရာသီတွင် ဘိုကလေးမြို့နယ်အတွင်း ဆီထွက်နေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့ နံနက် (၁၀)နာရီအချိန်တွင် ကသပေါင်းကျေးရွာဓမ္မာရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဒေါင့်ကြီးကျေးရွာအုပ်စုနှင့် ငါးပြေမကျေးရွာအုပ်စုများမှ နေကြာစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
စားသုံးဆီဖူလုံရေးနှင့် နေကြာစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းစိုးဦးတို့မှ နေကြာစိုက်ပျိုးရေးနည်းစနစ်များ ဆွေးနွေးခဲ့သည်။ ဘိုကလေးမြို့နယ်အတွင်း နေကြာစိုက်ပျိုးရန် ဧက (၃၀၀)ကို ကျေးရွာအုပ်စု (၉)အုပ်စုမှ တောင်သူ (၁၅၃)ဦးတို့က စိုက်ပျိုးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)