သဲကုန်းမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စု (၃) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ကျေးရွာ အရောက် သွားရောက် ထောက်ပံ့ပေးအပ်

သဲကုန်း မေ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ လေဘေးသင့် အိမ်ထောင်စု (၃) စုအား အိမ်ဆောက်ပစ္စည်းဖိုး နှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်ခရိုင်ရုံးမှ လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးက မေလ ၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကြို့ရပ်သာကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စုတစ်စု၊ လူ (၆) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ များ ထောက်ပံ့ငွေ (၄၂၆၀၀) ကျပ်၊ ရဲရဲ့ကန်ကျေးရွာ ရှိလေဘေးသင့် အိမ်ထောင်စုတစ်စု၊ လူ (၃) ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ငွေ (၃၆၃၀၀) ကျပ်နှင့် ပေါက်တောရပ်ကွက် ရှိလေဘေးသင့် အိမ်ထောင်စု တစ်စု (၃)‌ ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ငွေ (၃၆၃၀၀) ကျပ်အား လေဘေးသင့် အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်