ရွှေတောင် မေ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့တွင် ဆွမ်းဆန်၊ ဆီ၊ ဝတ္ထုအလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်း ဦးဆောင်၍ မြို့နယ်အရန် မီးသတ် ဒုတပ်ရင်းမှူး၊ မြို့နယ် မိ/စည်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဆရာ-ဒကာ ကျောင်းဖြစ်သော မင်းတဲကျွန်းကျောင်းဆရာတော်အား ဆွမ်းဆန်၊ ဆီ၊ ဝတ္ထုအလှူငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ပြည်လုံးချမ်းသာမြတ်စွာ ဘုရားကြီး ရင်ပြင်တော်၌ ဘုရားကြီး ရေသပ္ပါယ်ခြင်း၊ စုပေါင်းသန့်ရှင်းရေးများအား ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
ကိုကိုမင်း