(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့်  စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ကျောင်းကုန်း မေ  ၅

(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အမှတ်(၁)ရပ်ကွက် မိုဃ်းကောင်းဘုရားကြီးတွင် ယနေ့နံနက် ၈ နာရီအချိန် မီးသတ်တပ် ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ ကြည့်ရှုအားပေးခဲ့ကြပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်း ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်တပ်ဖွဲ့ဝင်များက စေတီတော်နှင့် အရံစေတီတော်များအား စေတီတော်ရင်ပြင်နှင့် တန်ဆောင်းတော် အတွင်းတို့၌ တံမြက်စည်းလှည်းခြင်းနှင့် အမှိုက်များသိမ်း ဆည်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများအသက်အိုးအိမ်စည်းစိမ် ကာကွယ်နိုင်စေရန် မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အမြန်ဆုံး ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် လေ့ကျင့်ပြင်ဆင်ထားခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း စဉ်များ၌လည်း အတူတကွပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ မီးဘေးအန္တရာယ် ကြေညာချက်များနေ့စဉ် တိုက်တွန်းနှိုးဆော် သတိပေးလျှက်ရှိကြောင်း သိရသည်။

ဝင်းကြိုင်(ကျောင်းကုန်း)