မင်းလှ မေ ၅
မေလ (၅) ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် မီးသတ်ဦးစီးဌာနက ယနေ့ နံနက်ပိုင်းက သံဃာတော်များအားနေ့ ဆွမ်းဆက်ကပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်မီးသတ်တပ်ဖွဲ့စခန်း၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မိုးဝင်းနှင့် တပ်ဖွဲ့ဝင်များက သံဃာတော် (၅) ပါးပင့်ဖိတ်၍ ငါးပါးသီလခံ ယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာယူခြင်း၊ ရေစက်သွန်းချ အမျှတန်းပေးဝေခြင်း၊ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကာ ကောင်းမှုကုသိုလ်များ ပြုလုပ်၍ (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ ( မင်းလှ)