ဇလွန် မေ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့တွင် သံဃာတော်အရှင်သူမြတ်များအား မြို့နယ်မီးသတ်ဦးစီးဌာန ရုံးတွင် ယနေ့နံနက်ပိုင်းက အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီးဝန်းအတွင်း/အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးချစ်လွင်ထွေး ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ ပူးပေါင်းပြီး မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး ရင်ပြင်ပေါ်နှင့်တန်ဆောင်းအတွင်း တံမြက်စည်း လှဲခြင်း၊ ရေဖြင့်ဆေးကြောခြင်း၊ ဘုရားကြီးပုရဝုဏ်အတွင်း/အပြင် ပေါင်းမြက်များအား ရှင်းလင်း ခြင်းများဆောင်ရွက်ခဲ့ပြီး ပန်း၊ ဆီမီးများ ဆက်ကပ်လှုဒါန်းပူဇော်ခဲ့ကြကြောင်း သိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)