ကြံခင်း မေ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မေလ(၅) ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နံနက်(၅)နာရီခွဲအချိန်က ဆရာတော်သံဃာတော်များကို ဆွမ်းနှင့်လှုဖွယ်ပစ္စည်းများ ဆက်ကပ် လှုဒါန်းခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်ဦးဆောင်သော မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်များမှ “နမောတသ”(၃)ကြိမ် ရွတ်ဆိုပူဇော်ပြီး နဝင်းဂုဏ်ကျောင်းဆရာတော် ဦးဣဿရိယထံမှ ငါးပါးသီလဆောက်တည်ခြင်း၊ တရားတော်များ နာယူကြပါသည်။
ထို့နောက် ကြွရောက်လာကြသော ဆရာတော်သံဃာတော်များအား လှုဖွယ်ဝတ္ထုအစုစုအား ဆက်ကပ်ပူဇော်လှုဒါန်းခဲ့ပြီး လှုဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။ ယင်းနောက် ဆရာတော်သံဃာတော်များကို ဆွမ်းဆက်ကပ် လှုဒါန်းခဲ့ကြကြောင်းနှင့် ကြွရောက် လာကြသော ဌာနဆိုင်ရာဧည့်ပရိသတ်များအားမုန့်များဖြင့် ကျွေးမွေးဧည့်ခံကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)